Plus Equal Minus

Experimentally Everything

ပိတ်ပင်မထားပါ

လှေကား ရဲ့ အနက်   ဘယ်လောက်လဲ၊ ဘယ်ထိ ခံမှာလဲ ၊ဘ ယ်ခံထိပြောမှာ   ပြော   လှေကား နက်နက် ကြီး   ရဲ့ေ အာက် မှာ   မျှော်စင်လို၊ ထုလုံးရှည် ပြောင်းဝ လို မိန်း   မ အော်ပစ်လိုက်မယ် ရေးစရာေ ရရေရာရာ ကရေကရာ မယေမယာ ပလေပလာ မအေမလာ ရေရေရာရာ ရေးစရာ စာလုံး ချည်း   ရှင်က စလစ်ဘိုးရိမ်းလို လူစား၊ မဆလာ စားပြီး ၀ လာတယ်   ဥ တွေ သိပ်လှတာပဲ FM ကနေ လိုင်စင်မယူဘဲ သားဖောက်လိုက်တာ အဲဒါ တီဗီလိုင်းအတိုင်း အိပ်မက်တိုင်း တီဗီလိုဘဲ၊ အရောင်းပေါင်း သန်းနှစ်ထောင်လို့ဖော်   ပြ   နိုင်တဲ့ စိတ်ကူးအိပ်မက် အမျိုးအစား လပ်ပပ် နာရီ   ပြောမယ်ရယ်တဲ့ ဖြစ်ကုန်စင်၊ ညစ်ကုန်ရင်၊.. Read More

‘မန ခပူန’ပုံသဏ္ဍာန် ရဲ့ ရွေ့လျားမှုဆိုတာကလည်း ‘ရီစိုင်ကလ်’အကြောင်းအရာ

‘မန ခပူန’ပုံသဏ္ဍာန် ရဲ့ ရွေ့လျားမှုဆိုတာကလည်း ‘ရီစိုင်ကလ်’အကြောင်းအရာ တစ်ည ကျွန်တော်တို့ Vacuum Air မှာ ထိုင်ရင်း PEM sKoOL မှာ လိုအပ်နေသေးတာ ဆောင်းပါးတွေပဲ လို့ ပြောဖြစ်ခဲ့ကြတယ်။ အဲဒီအချက်ကို စတင်သတိပြုမိစေခဲ့သူကတော့ ထုံးစံအတိုင်း ဆရာဇေယျာလင်းပါပဲ၊ ရေးဖြစ်အောင် တိုက်တွန်းနှိုးဆော်သူက ကိုသိုးထိန်း နဲ့ အညို(သိုးထိန်း(အန္တိမ) နဲ့ လင်းနီညို)။ ဒီနေရာမှာ PEM sKoOL ကဗျာဆရာလည်းဖြစ်၊ ဝတ္ထုတို၊ ဆောင်းပါးတွေ လည်းရေးတတ်တဲ့ အညို့ရဲ့ ကဗျာတစ်ပုဒ်ကို ချဉ်းကပ်ကြည့်ရင်း ပထမတစ်လှမ်းကို လှမ်း ကြည့် လိုက်ခြင်းပါပဲ။ ဆရာဇော်ဇော်အောင်၊ ဆရာဇေယျာလင်း၊ ဆရာမင်းခက်ရဲ တို့ရဲ့ စာပေသီအိုရီ ဆောင်းပါးတွေဟာ ကျွန်တော့်ရဲ့ ကဗျာရေးခြင်းအပေါ်ရော ကဗျာဖတ်ခြင်းအပေါ်မှာပါ တော်တော်များများ လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါတွေကိုလည်း အညို့ရဲ့ ဦးထိန်း သို့ ဆောင်းပါး မှာ တော်အသင့် ပါခဲ့ပြီးပါပြီ။ ကဗျာဗေဒ တစ်မျိုး တစ်စားတည်းနဲ့ ကဗျာအားလုံးကို ချဉ်းကပ်လို့ ဘယ်လိုမှမရနိုင်ပါဘူး။ ကဗျာဖတ်ကျင့်နည်းပါးသူများ (ဝါ) ကဗျာဗေဒ နဲ့.. Read More

ဦးဦးထိန်းထိန်းသို့ပေးစာ (၂)

ဦးထိန်းရေ . . ကျွန်တော် ဟိုတစ်လောတုန်းကတင် ဆရာဇေယျာလင်းရဲ့ အွန်လိုင်း ကဗျာအကြောင်းဆောင်းပါးကို ဖတ်လိုက်ရသေးတယ်ဗျ။ အွန်လိုင်း ကဗျာကိစ္စ တစ်ချို့ဆိုတဲ့ ဆောင်းပါးလေ။ အဲဒီမှာ သူ ခွဲ ပြ၊ ရေးပြ သွားတာလေးတွေ လှတယ်ဗျ။ ဥပမာ – “ဆိုလိုတာက `ပေရွက်ကဗျာ´ ၊ `ဘလောက်တုံးကဗျာ´ ၊ `ပုံနှိပ်ကဗျာ´၊ `ဖယောင်းစက္ကူကဗျာ´၊ `ကွန်ပြူတာ/ဖိုတိုကော်ပီ ကဗျာ´ စတာတွေမရှိခဲ့ပဲ အခုမှ`အွန်လိုင်းကဗျာ´ ဆိုတာပေါ်လာခြင်းပါပဲ။ ခေတ်ရဲ့ တိုးတက်မှုရဲ့ အသီးအပွင့်တစ်ခုဆိုတာကိုငြင်းလို့ မရပေမယ့် `အွန်လိုင်းကဗျာ´ ဆိုတာနားလည်လွဲစရာတစ်ခုဖြစ်လာပါတယ်။ ဖြစ်နေတယ်လို့ဆိုရင်ပိုမှန်မလားပဲ။ အဲဒီတော့ ၊ အွန်လိုင်း ကဗျာဆိုတာဘာလဲ။ ” အဲဒီမှာ သူ ပြန်ခွဲပြသွားတဲ့ (၃) မျိုးက (၁) အွန်လိုင်းပေါ်မှာ ပဲရေးသားထုတ်ဝေဖြန့်ချိတဲ့ ကဗျာ ၊ (၂) ပရင့်တ်လုပ်ပြီးသားကဗျာကို အွန်လိုင်းပေါ်တင်တဲ့ကဗျာ ၊ (၃) ပရင့်တ်မလုပ်ရသေးပေမယ့် လက်ရေးနဲ့ ရေးရေး ၊ ကွန်ပြူတာနဲ့ ရိုက်ပြီး ပရင့်တ်အောက်ထုတ်ထုတ် ၊ အဲဒီ အွန်လိုင်းပြင်ပက ပြုလုပ်ပြီးသား အရေးအသားကို.. Read More

ခေါင်းစဉ်စဉ်းစားဆဲ ၁

ပညာရှင်လေးတစ်ယောက် အခန်းထဲ လှိမ့်ပိတ်ပြီး ချောင်းဆိုးနေရှာတယ် သူ.ရဲ့ အဟွက်… အဟွက်ဟာ ဒီခေတ်မှာ အဖျက်ချခံရတဲ့ ငြမ်းပဲ ၊ သက်သေပဲ ။ ဖြစ်စဉ်ရဲ့ ထိပ်မှာ ရပ်ကြည့်နေတဲ့ ချောင်းဆိုးချွဲကြပ်တွေနဲ့ သမိုင်းထဲ မျှောချခံရတဲ့ သလိပ်အထွေထွေ ၊ မှားနေ ။ အဲ့ဒီထဲမှာနေ ၊ အဲ့ဒီထဲမှာသေ ၊ အဲ့ဒီအဆောက်အအုံထဲမှာ လေတွေကြီးပဲ လေထဲမှာ ဆောက်တဲ့ တိုက်အိမ်လေးလား ၊ အိပ်မက်လေးလား ၊ မျှော်လင့်ချက်များလား။ သွားစမ်းပါ လည်ချောင်းထဲကို ပျို့တက်လာတဲ့ ဖျားနာ အဲ့ဒီ လည်ချောင်းသွေးတွေကိုပဲ ထွေးထုတ်လိုက်တယ် ၊ အများတကာရဲ့ တံတွေးခွက်ထဲ ခေါင်းထဲမူးနောက်ခြင်းဟာ အကြောင်းအရာထဲ ၀ိုးတ၀ါးဝင်ရောက်သွား မကွဲပြား ၊ မထင်ရှား ၊ စသည်ဖြင့်ရဲ့ အရာအားလုံးကို ခပ်တည်တည်နဲ့ တည်ဆောက်ပစ်လိုက်မယ် ။ မရောက်လာတာတွေကို ဘယ်လိုဖော်ပြမလည်းလို့ ထပ်ခါ ထပ်စဉ်းစားတယ် ။ မရှိတဲ့အသိဟာ သတိကိုခပ်ကြီးကြီးထားလို့ သွေးပုတ်တွေ ပန်းထုတ်ပေးမယ်တဲ့ လက်တစ်ဆုပ်စာ ဖျားယောင်းမှုဟာ တွေးခေါ်မျော်မြင်ခြင်းသက်သက်လိုလို ကြမ်းရှရှ အနာဖေးတွေနဲ့ ဖေးကူထားရတဲ့.. Read More

လမ်းလျှောက်ထွက်ပြီးရင်းထွက်ထွက်

ငါ လမ်းလျှောက်နေရင်း၊ ငါ့ အပေါ် တိုက်ပေါ်က အုတ်ခဲ ဘယ်တော့ ကျလာမလဲ၊ ငါ့ အပေါ် တိုက်ပေါ်က မှန်နှစ်ချပ်လောက် ဘယ်တော့ ကွာကျလာမလဲ၊ ငါအပေါ် တိုက်ပေါ်က ငါ ဘယ်တော့များ ကားကားရားရား ကွာ ကျလာမလဲ၊ အမြဲ အသိ ကို အမေးနဲ့ ယှဉ်၊ ပြီးရင် စာသားပြင်၊ လှမ်းကြည့်တဲ့ မျက်လုံးတွေ နဲ့ ငါ့ အကြားမှာ ဘယ် filter ရှိနေမလဲ၊   လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်တယ် ၊ ကြောက်တော့ ကြောက်တက်တယ် ဒါပေမယ့် ငါ့သူငယ်ချင်းအတွက် ဘာလို့ ထိုးတာလဲ ၊ ကိုယ်ကျင့်တရား ၊ လူပီသလိုမှု၊ ဘာမှု၊ ညာမှု၊ ဆိုင်တော့မဆိုင်ဘူးထင်   ငါ လမ်းလျှောက်နေရင်း ကားများ ၀င်တိုက်မလား၊ ဓါတ်ဆီဆိုင်ပဲ ထ ပေါက်ကွဲမလား၊ ငါ နဲ့ ငါ များ ၀င်ပေါက်ကွဲ၊ ၀င်တွေ့မလား၊ အသံဝဲ နေတဲ့ လူတွေ အကုန်လုံး ဟာ ငါ.. Read More

ဦးဦးထိန်းထိန်း သို့ ပေးစာ (၁)

(၂၀၁၁ တုန်းက ရေးထားတာပါ၊ လှုပ်ခတ် မှု များပြား နေတဲ့ အချိန် (မပြည့်သေးတဲ့ အိုး) မို့လို့ တစ်နှစ် ဆိုတဲ့ အချိန်တည်းမှာတောင် အမြင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သိပ်အများကြီး မဟုတ်လို့ အဲဒီတုန်းက အတိုင်း ပဲ ပြန်တင်လိုက်ပါတယ်) သို့  . . ဦးထိန်း . . ရေ ဘာလိုလိုနဲ့ 2011 ထဲတောင် ရောက်ခဲ့ပြီပဲ။     ကျွန်တော်လည်း အခုတလော ဒီလိုပဲလျှောက်ဖတ် နေဖြစ်တယ်ဗျ။ အခုတလော ခိုက်နေတဲ့ ကဗျာတွေကတော့ ဦးထိန်းလည်းသိတဲ့ ကျွန်တော်တို့ ချစ်ချစ်ကြီး နာဒါဂေါ်ဒွန် ရဲ့ ကဗျာတွေပဲဗျ။ အင်း . . သူတို့ အဖွဲ့က လူတွေရဲ့ အခြားကဗျာတွေလည်း ဖတ်တော့ဖတ်ဖြစ်တယ်။ သေချာမဖတ်ဖြစ်တာတော့ ၀န်ခံရမယ်ဗျ။ ဒါနဲ့  နာဒါ ရဲ့ မျက်စိမှိတ်ပြီး ရေးတဲ့ prose တွေဆို တော်တော်လန်တာကိုးဗျ။ လန်ဆို၊  ကျွန်တော်တို့အဖွဲ့ (မှတ်မှတ်ရရ ကျွန်တော်နဲ့ အမာ) တောင်.. Read More

အသည်းများလည်း ထိပါသလေ

ပြည့်ဝ အဓိပ္ပါယ်တွေ နဲ့ ရွဲနစ်နေတဲ့ ပန်းကန်ထဲကို ဇွန်း နဲ့ ဖိချ ဖိချ လိုက် တော့ အချို့ လူတွေ ဝေ့တက် ဝေ့တက် လာတယ် အရက်ခွက်ကို အားပြင်းပြင်းနဲ့ ခုံပေါ်ဆောင့်ချလိုက်တော့ သူမော့ကြည့်တယ်။ မဟုတ်ဘူး၊ ဇွန်းနဲ့ ဖိချ လိုက်တဲ့အခါ တကယ် ဝေ့၀ိုက်တက်လာရမှာ အဓိပ္ပါယ်တွေ မဟုတ်ဘူးလား   အဓိပ္ပါယ်တွေ ဘယ်ရောက် ကုန်ကြပြီလဲ . . .   ဘယ်မှလည်း မရောက်ဘူး၊ ဟုတ်လည်း မဟုတ်ဘူး၊ စော်တစ်ပွေ အဖော်အချွတ်တွေ ဘာမှ မပါ၊ မြန်မာ မိန်းကလေး တစ်ယောက်ရဲ့ ကျက်သရေ မင်္ဂလာအပြည့်ရှိတဲ့ ၀တ်စုံ အပြည့်ကြီးဝတ်ပြီး၊ ကားအလန်းမောင်းနေတဲ့ တောင်ရှည်နဲ့ ဘဲကို blow job ပေးသွားတာကို ဘတ်စ်ကားအမြင့်ပေါ်ကနေ လှမ်း မြင်လိုက်ရသလို၊ သြော်. . မောင့်အပေါ်ဝယ်  . . ဂုဏ်ရည်မတူလို့လား . . ရွှေစပယ်ဖြူ  . . ပန် ချင်သူ.. Read More

ဆင်ခြင်သိ၊ ဆိတ်မျက်ကွင်း၊ ဆတ်ပေါင်ခြောက် နှင့် ကျွန်မရဲ့ဘကြီးအောင်

    ဘကြီးအောင်…   ရှင်ကြီးကို ကျွန်မ မချစ်ဘူး   ဗုံးခိုကျင်းတွေထဲ ၀င်ရောက်သွားကြသလို   ရှင့်ကိုဘယ်သူမှ ဘယ်တော့မှ မတွေ့ကြရတော့ဘူး   ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဘယ်သူကို လွှဲပြောင်းလှူဒါန်းသွားတာလဲ   အမြင့်ဆုံးကျကျ နေရာမှာ ကစားပြနေတာ ကနေ   ရှင် မင်းသားကြီးမဖြစ်ရလို့   ပတ်မကြီး ကို ထိုးထိုးခွဲခဲ့တာလည်း များပြီ၊ များခဲ့ပြီ   မြေဖြူနဲ့ ခြစ်၊ ဘောဖျက်နဲ့ ဖျက်ရ တော်ရောပေါ့   အငြိမ့်မင်းသမီးဆိုတာ ကတုန်းသာ စင်ပေါ်မှာ   ပွဲပြီးရင် လူတကာအောက် ဝမ်းလျားမှောက်ရတဲ့ ဘဝပါ       ဘကြီးအောင်…   ရှင် ဘူးသီးမှ အရီးတော် ခဲ့တဲ့ ဇာတ်လမ်းတွေ နှယ်   ထမင်းစားရေသောက် ဒုနဲ့ဒေး ရယ်၊   သို့ပေတဲ့ အမိုးအကာကို ပြန်ပြင်ဖို့ လိုနေတယ်   အောင်မာ လေးလေ လေးလေ လို့.. Read More

မြေကွဲကြောင်းကြီး

ဘာရယ်မဟုတ် ခဏပေါ့၊ မြစ်ဘေးမှာရပ်လိုက်တယ်၊ ရေတွေက နောက်ကျိပြီးခပ်သန်သန်စီးနေတယ် အဲ့ မြစ်ပိုင်ရှင် ဘယ်သူမှန်း ငါမသိဘူး၊ ငါ့ ပိုင်ရှင် ဘယ်သူမှန်း အဲ့ မြစ် သိမှာ မဟုတ်ဘူး။ သေချာ သလိုပဲ။ ငါ ခဏ တဖြုတ် ဘာရယ် မဟုတ် အဲဒီမြစ်ဘေးနားမှာ ရပ်လိုက်တာကို၊ ငါ့ ကိုယ် ငါ ပြန် နားမလည်နိုင်ဘူး၊ ငါ ခဏဖြစ်ဖြစ် သေချာလိုက်သလိုပဲ။   ကိုယ့်သွေးကိုကိုယ် ဖောက်ထုတ်ပြီး ကိုယ့်ကိုယ်ထဲ ကိုယ် ပြန်ထည့်ကြည့်ဖူးလား ။ ဟိုဘက်ကမ်းဆီက လယ်ကွင်း၊ တောအုပ် ဆီက အငွေ့ပျံ့ပျံ့ မျှင်မျှင် ပြယ်ထွက်နေတယ် ။ ငါ ဒီနေရာကနေ ထွက်သွားပြီးရင်၊ ဒီနေရာကို ပြန်ရောက်ဖို့ အခြားဘယ်နှစ်နေရာ ရောက်ဦးဖို့ လိုမှာပဲ။ ဒေသ နဲ့ အချိန်ကြားမှာ ရှိနေတဲ့ ပွိုင့် တစ်ခုဟာ မှေးမှိန်သွားတတ်တယ်၊   လေကြောင့်၊ အဲဒီလေကြောင့်ပဲ အဲဒီ မြစ်ရဲ့ အသံကို ငါတို့ ကြားနိုင်တာ၊ အဲဒီမြစ်ရဲ့ အရေးအသားကို.. Read More

ခြောက်သွားတဲ့ ဆားရည်များ

တင်ဒါ ကလွဲရင် အဓိပ္ပါယ်ဖော်ယူ လို့မရ ။   မောင်းသူမဲ့ နာရီမှာ ကပ်ပါသွားတဲ့ ရှပ် အဟောင်းလေး တစ်ထည် နဲ့ စောက်ပေါက်ကရ သီချင်းတွေ အော်ဆိုခဲ့ကြတဲ့ မျက်မှန်မပါ ကတ္တရာအေးအေးညများ ကလွဲရင် တွေးယူကြည့်ယူ လို့မရ ။   ပင်လယ်ရေမြင့်တက်ကျယ်ပြန့် ပြီး နောက်နောက်နောက် ကျန်နေခဲ့တာ ဘယ်ဘက်မှာ ကောင်းကင် ညာဘက်မှာ မှောင်မဲတဲ့ ရပ်ကွက်တွေ ဆင်ခြင်လိုက်မှ ဖြစ်လာတဲ့ ဖြစ်နေမှု တွေ ။ ကြယ်တွေရဲ့ ၀မ်းဗိုက်မှာ ကပ်ရပ်ပေါက်နေတဲ့ အမွှေးအမျှင် တွေ အေးခဲ သွား ဆိုတဲ့ သီချင်းစာသားကို ငါးကြိမ်လောက်အော်ဆိုပြီး ကလေးဘ၀ ပတ်ချာလည် ချားရဟတ်ပေါ်က ဂျစ်ကားအရုပ်ကလေးပေါ်မှာ မြင့်တက်ကျယ်ပြန့်လိပ်တက်လာနေတဲ့ လူပင်လယ်ကြီး တွေ။ ခွီးထဲမှပဲ။   ရှုပ်လိုက်တာရှင်ရယ်၊ ကျွန်မ က အဲဒါ ရှင်တို့ ပိုင်တဲ့ အာဏာ ရယ်လို့ ထင်နေခဲ့တာ။ မျက်လုံးမှာ အုပ်ထားတဲ့ အ၀တ်မည်းကလေး လေထဲမှာ လွင့်သွားသလို။   ဆာရီယယ် ရုပ်ရှင်တစ်ခုမှာ.. Read More